1. ကောင်းကင်မင်းသားလေး: မေမေ
အားလုံးကို ကောင်းကင်မင်းသားလေး ကကြိုဆိုပါတယ်...မင်္ဂလာအပေါင်းနဲ့ခညောင်းကြပါစေ... WELLCOME TO MY BLOG ကောင်းကင်မင်းသားလေးဆိုဒ်မှလှိုက်လှဲစွာကြိုဆိုပါ၏

Monday, October 17, 2011

မေမေ


မေမေ


ဘယ်ကထွက်ပြေးလာမှန်း မသိတဲ့သူကို
ခိုလှုံခွင့်ပေးခဲ့တာအမေ ။

နေပူတွေထိမှာစိုး
လေစိမ်းတွေထိမှာစိုးလို့
ကိုးလကျော်ကျော် လွယ်ပိုးပေးထားခဲ့တာ အမေ ။

စားရသမျှအစာတွေထဲက
အာဟာရဖြစ်နိုင်သမျှတွေကို
( ပါးစပ်ကလေးမှ မဟနိုင်တဲ့သူကိုမှ )
ချက်ကြိုးကတစ်ဆင့် မရောက်အရောက်ပို့ပေးခဲ့တာ အမေ ။

ရာဇ၀တ်သားပမာ ခိုကိုးရာမဲ့ရှာတဲ့သူကို
ကိုယ့်အသက်ကိုမှပဓာနမထား
လူ့လောကထဲ ထုတ်ခေါ်သွားရဲခဲ့တာအမေ ။

စကားမပြောတတ်သူရဲ့ ဘာသာစကားကို
တတ်ကျွမ်းနားလည်ခဲ့တာ အမေ ။ ဘယ်လိုအကြောင်းတွေကြောင့်


ဦးခေါင်းမှမထောင်တတ်သူကို
ကြည်ဖြူနိုင်ခဲ့တာ အမေ ။

အမေ-ကျန်းမာချမ်းသာပါစေ။



No comments:

Post a Comment

back to top back to top