1. ကောင်းကင်မင်းသားလေး: သွားလေးတွေ ဖွေးဖွေးဖြူအောင်(P.S effect) ပြုပြင်ကြမယ်...
အားလုံးကို ကောင်းကင်မင်းသားလေး ကကြိုဆိုပါတယ်...မင်္ဂလာအပေါင်းနဲ့ခညောင်းကြပါစေ... WELLCOME TO MY BLOG ကောင်းကင်မင်းသားလေးဆိုဒ်မှလှိုက်လှဲစွာကြိုဆိုပါ၏

Friday, October 28, 2011

သွားလေးတွေ ဖွေးဖွေးဖြူအောင်(P.S effect) ပြုပြင်ကြမယ်...



ကဲ...သူငယ်ချင်းတွေအတွက် အဟောင်းလေးတစ်ခုတွေ့လို့ ကူးတင်ပေးလိုက်ပါတယ်ဗျာ..
ဟောင်းနေပေမယ့်ကောင်းနေမယ်လို့ထင်ပါတယ်နော်......
ကဲ....ဟပ်ချလောင်း လာပြီးနော်......
ပြုံးပြုံးလေးဓါတ်ပုံ အရိုက်ခံပြီး ပုံထွက်လာမှ အားလုံးတော့လှပါရဲ့ သွားတွေကနဲနဲ ဝါနေလို့ ဆိုပြီး သွားတိုက်ဆေးအကောင်းစား တွေဝယ်တိုက်နေရတယ်ဆိုရင်တော့ စိတ်မပူပါနဲ့ အချို့ လူတွေရဲ့ သွားတွေက အကောင်းစား သွားတိုက်ဆေး သွားတိုက်တံတွေ ဘယ်လောက်သုံးသုံး ပြန်မဖြူတော့တာရှိတယ် ဖြစ်နိုင်တာကတော့ ငယ်ငယ်က ဆေးပျင်းတွေသောက်ခဲ့ရင်ပေါ့ အချို့ သောက်ဆေးတွေက သွားတွေကိုဝါစေတယ်တဲ့ (ကြားဖူးနားဝနော်၊ အနော်က ဆရာဝန်ဟုတ်ဘူး)။
ဘာကြောင့်ပဲဝါဝါ စိတ်မပူနဲ့  Photoshop ရဲ့  trick လေးတစ်ခုသုံးလိုက်ရင် အားလုံး အိုကေသွားမယ်ဗျာ... ကဲပြောနေကြာတယ်.... လိုတိုရှင်းပဲရေးသွားမယ်ဗျာ.....

အခုသင်ခန်းစာကို အားလုံးအဆင်ပြေအောင် CS version ပဲသုံးကြစို့ ဗျာ ။
ဒီနေရာလေးမှာ download လုပ်လိုက်ပါနော်

၁) မိမိပြုပြင်လိုတဲ့ ဓါတ်ပုံကို File --> Open ထဲက ခေါ်ဖွင့်ဗျာ ။

၂) Zoom tool ကို အသုံးပြုပြီး အလုပ်လုပ်မယ့် area နားကို အကြီးချဲ့ ပေးပါ ။







 
၃) သွားများကို selection ပေးရန် Tool box မှ selection tool တစ်ခုခုကိုသုံးပါ ၊ Pen tool ကိုအသုံးပြုပါက ပိုမိုလွယ်ကူတိကျစေနိုင်သည်။

၎) အထက်ပါအတိုင်း Selection ပေးပြီးပါက ကီးဘုတ်မှ Ctrl+Enter နှိပ်ပေးပါက အောက်ပါပုံအတိုင်း တွေ့ ရမည်။




၅) ထိုနောက် Menu bar ရှိ Select --> Modify --> Feather (Alt+Ctrl+D) ကို click ပေးပါ။ (Feather ပေးခြင်းဖြစ်သည် selection area နှင့် selection မဟုတ်သော area တို့ ရဲ့ ခြားနားချက်ပြေပြစ်စေရန်)
















၆) Feather Radius box ကျလာပါက 1 pixel ဟုရိုက်ထည့်ပြီး ok နှိပ်ပေးပါ။

ရ) Layer --> New Adjustment layer --> Hue/Saturation ကအောက်ပါပုံအတိုင်း ရွေးပါ ။( Effect ထည့်ရန် Layer အသစ်တစ်ခုယူခြင်း


 
၈) New Layer box ပေါ်လာပါက Ok နှိပ်ပါ ။

၉) Hue/Saturation box ရှိ Edit တွင် Yellow ရွေးပေးပြီး Saturation ကို သင့်တော်သလို လျှော့ချပေးပါ (ဒါဆိုရင် သွားဝါနေတာလေးတွေ ကနေဖြူသွားတောတွေ့ ရမှာပါ။)


 ၁၀) သွားလေးတွေဖြူပြီး ဝင်းနေစေဖို့ ဆိုရင် Hue/Saturation box ရှိ Edit တွင် Master ကို ရွေးပြီး Lightness ကို နဲနဲတင်ကြည့်လိုက်ပါ
၁၂) Layer မှာ အောက်ပါ ပုံအတိုင်း layer တစ်ခုရှိနေမယ် အဲဒီ Layer က ခုန effect တွေထည့်ထားတဲ့ layer ပါ layer မျက်စိကို ဖွင့်/ပိတ် လုပ်ကြည့်ရင် ခြားနားမှုကိုတွေ့ ရမှာပါ၊

 

 
ကဲ ဒါဆိုရင် OK ပြီပေါ့ . . .

ပိုပြီးရှင်းသွားအောင် Video Tutorial လေးကြည့်လိုက်နော် . . .





No comments:

Post a Comment

back to top back to top