1. ကောင်းကင်မင်းသားလေး: မည်သူရေးမှန်းမသိတဲ့ ကဗျာလေးတစ်ပုဒ်
အားလုံးကို ကောင်းကင်မင်းသားလေး ကကြိုဆိုပါတယ်...မင်္ဂလာအပေါင်းနဲ့ခညောင်းကြပါစေ... WELLCOME TO MY BLOG ကောင်းကင်မင်းသားလေးဆိုဒ်မှလှိုက်လှဲစွာကြိုဆိုပါ၏

Tuesday, November 1, 2011

မည်သူရေးမှန်းမသိတဲ့ ကဗျာလေးတစ်ပုဒ်

· ကျေးဇူးပဲ - ဆိုတဲ့
·
အပြုံးလေးတစ်ခုနဲ့ 
·
ကျေနပ်ခဲ့ရပေါင်းလည်းများခဲ့ပြီ။
... ·
ကူညီပါ - ဆှိုတဲ့
·
စကားလေးတစ်လုံးနှင့်လည်း
·
ညာခိုင်းခံရပေါင်းများပြီ။
·
ခဏလေးပါ -ဆိုတဲ့
·
ငှားရမ်းမှုတွေကြောင့်
·
ဆုံးရှုံးခဲ့ရပေါင်းလည်းများပြီ။
·
နက်ဖြန်ခါ - ဆိုတဲ့
·
ချိန်ဆိုးမှုတွေကိုလည်း
·
စောင့်ခဲ့ရပေါင်းများပြီ။
·
သည်းခံပါ -ဆိုတဲ့
·
တောင်းပန်မှုတွေကိုလည်း
·
ခွင့်လွှတ်ခဲ့ရပေါင်းလည်းများပြီ။
·
ဒါတွေကြောင့်လားမသိ ကျွန်ုပ်၏အရေအပြားများ
·
ထူးလွန်းအားကြီးလို့  ဆူးသွားနဲ့ ထိုးလည်းမပေါက် ၊
·
အပ်ကိုပင်ကောက်စေခဲ့ပြီ-- ။

·
အားလုံးကိုအစဉ်လေးစားလျှက်.....
ဘယ်သူရေးမှန်းမသိတဲ့ ကဗျာလေးကို ဘယ်ကကူးလာမှန်းမသိဘဲ ဘယ်သူက ဘယ်သူဝက်ဘ်ဆိုဒ်မှာ ဘယ်လိုလာတင်သလဲဆိုတာဘယ်လိုမှကိုမသိတာပါဗျာ......

                                        ကောင်းကင်မင်းသားလေး

No comments:

Post a Comment

back to top back to top